Wednesday, October 21, 2026

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပုံ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် အောက်တိုဘာ ၂၀

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော်တည်းခိုရေးစခန်းနှင့် နေပြည်တော် မြို့တော်ခန်းမလေဟာပြင်ဇာတ်ရုံတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက် နံနက် ၉ နာရီတွင် MICC-I ၌ ကျင်းပမည်ဖြစ်ရာ ထိုသို့ကျင်းပပုံများကို နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV –HD ၊ MRTV - Entertainment ၊ MRTV – NRC Channel ၊ အကျိုးတူရုပ်သံလိုင်းများဖြစ်သော Readers’ Channel၊ Channel 9 ၊ Sky Net Up to Date ၊ Uni TV ၊ Shwe Nadi Shwe Yi နှင့် Channel 24 တို့အပြင် မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသော MWD-HD Channel ၊ MWD Variety – HD Channel များနှင့် MOI Website၊ MOI Youtube ၊ MRTV APP: အပါအဝင် MRTV Online Platform တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM ၊ မြန်မာ့အသံ Radio App တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment