Saturday, October 31, 2026

(၁၂)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ (၂၂)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီ အစည်းအဝေးကျင်းပ


 နေပြည်တော် အောက်တိုဘာ ၃၀

(၁၂)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ (၂၂)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးများကို မန္တလေးမြို့၌ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အစည်းအဝေးမှသိရသည်။

အစည်းအဝေးတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက “အာဆီယံ အဓွန့်ရှည်ဖို့၊ ယဉ်ကျေးမှုအမွေအနှစ်များ ကြံ့ခိုင်အောင်ဆောင်ရွက်စို့” ဟူသည့် အစည်းအဝေး၏ဆောင်ပုဒ်အတိုင်း အာဆီယံဒေသတွင်း ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည်တည်တံ့ရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဖော်ဆောင်သွားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများအစည်းအဝေး(AMCA)၏ဥက္ကဋ္ဌတာဝန်ကို ၂၀၂၆-၂၀၂၇ခုနှစ်အတွက် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစုဝေးရာ မန္တလေးမြို့ကိုလည်း “အာဆီယံယဉ်ကျေးမှုမြို့တော်”(ASEAN City of Culture)အဖြစ် သတ်မှတ်ထားရှိကြောင်း၊ အစည်းအဝေးများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီအောက်တွင် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ဧည့်သည်တော်များ အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရေးအတွက် ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ယူစွာထင်ဟပ်ပြသနိုင်ရေးအတွက်လည်း စနစ်တကျကြိုတင်ပြင်ဆင်ထားရှိရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တက်ရောက်လာကြသူများက အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာအစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment