Saturday, October 3, 2026

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကိုယ်ပိုင်ကျောင်းများ၊ လုပ်ငန်းရှင်များမှစုပေါင်း၍ ဆွမ်းဆန်နှင့် ဆီများ ဆက်ကပ်လှူဒါန်း



မုံရွာ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များ၌ သီတင်းသုံးတော်မူကြသည့် ဆရာ‌တော်/ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများ၊ လုပ်ငန်းရှင် များမှ စုပေါင်း၍ ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက် ဘဒ္ဒန္တဇောတိပါလလင်္ကာရဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ကိုယ်ပိုင်ကျောင်းများ၊ လုပ်ငန်းရှင်များက ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ အုတ်ကန်တောရကျောင်းတိုက်ကြီးနှင့် လယ်တီရပ်ကွက်ရှိ မဟာလယ်တီကျောင်းတိုက်ကြီးများသို့ သွားရောက်၍ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များက ဆွမ်းဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများ နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၃ တိုက်သို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကိုယ်ပိုင်ကျောင်းများ၊ လုပ်ငန်းရှင်များမှစုပေါင်း၍ လှူဒါန်းငွေကျပ် ၂၃,၀၉၅,၅၀၀ (နှစ်ရာသုံးဆယ်ကိုးသောင်းငါးထောင်ငါးရာ)ကျပ် တန်ဖိုးရှိ ဆွမ်းဆန်တော် ၂၄ ပြည်အိတ် ၁၆၆ အိတ်၊ ဆီ ၁၀ ပိဿဝင် ၃၇ ပုံးတို့အား စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment