Thursday, October 29, 2026

မြန်မာအမျိုးသမီးလိဂ် အပတ်စဉ် (၁၁) နောက်ဆုံးပွဲတွင် ရှမ်းယူနိုက်တက် အနိုင်ရ


 

ရန်ကုန် အောက်တိုဘာ ၂၈

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အပတ်စဉ်(၁၁) နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပဒုမ္မာကွင်း၌ ရှမ်းယူနိုက်တက်အသင်းက Young Lionesses အသင်းကို လေးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Young Lionesses အသင်းအတွက် ဦးဆောင်ဂိုးကို ၁၅ မိနစ်တွင် ခါ၀သုန်က သွင်းယူခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ၂၇ မိနစ်တွင် ၀င်းသူဇာအောင်က ပြန်လည်သွင်းယူခဲ့သဖြင့် ပထမပိုင်းတွင် တစ်ဂိုးစီ သရေကျခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၅၆ မိနစ်တွင် ဆောင်းနှင်းဖွေး၊ ၈၇ မိနစ်တွင် စန္ဒာအောင်နှင့် ၉၀+၂ မိနစ်တွင် ယုယနိုင်တို့က သွင်းယူပေးခဲ့သည်။ AYA Pay Player of the Match ဆုကို ရှမ်း ယူနိုက်တက်တိုက်စစ်မှူး ယုယနိုင်က ရရှိခဲ့သည်။

အပတ်စဉ် (၁၁) ပွဲစဉ်များအပြီးတွင် ISPE အသင်းက ၃၁ မှတ် ဆက်လက်ဦးဆောင်နေပြီး ဧရာဝတီ ၂၆ မှတ်၊ သစ္စာအားမာန်နှင့် ရန်ကုန်ယူနိုက်တက်အသင်းက ၂၂ မှတ်စီ၊ ရှမ်းယူနိုက်တက် ၂၀ မှတ်၊ ရတနာပုံ ၁၅ မှတ်၊ မြဝတီ ၉ မှတ်၊ Young Lionesses အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းက ခုနစ်မှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းက ရမှတ်မရရှိသေးပေ။                   

နေမျိုး၊ ဓာတ်ပုံ-MWL

No comments:

Post a Comment