နေပြည်တော် အောက်တိုဘာလ ၁၀
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်း မရှိစေရန် အဆိုပါ အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင် ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ
ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန်
တရားမဝင်အဆောက်အအုံ ၆၃ လုံးအနက် ယနေ့တွင် ၆ ထပ်အဆောက်အအုံ ၁ လုံးအား ယမ်းဖြင့်ဖောက်ခွဲ၍
စနစ်တကျ ဖြိုချဖျက်ဆီးနိုင်ခဲ့ပြီး ဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ ၆၁ လုံးကိုလည်း
ဆက်လက်၍စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ
ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံး အနက် ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့်
အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍
လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံး ဟူ၍ အဆောက်အအုံအမျိုးအစား
အလိုက်ခွဲခြားသတ်မှတ်ထားပြီး ယနေ့တွင် ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက်
၆ ထပ်အဆောက်အအုံ ၁ လုံးကို ထပ်မံ၍ ဖြိုချဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ
လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့်
အွန်လိုင်းလိမ်လည် လောင်းကစားမှု (ONLINE SCAM) များ ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရက
အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များနှင့်ပူးပေါင်းကာအပြီးတိုင်လုံးဝပပျောက်သွားစေရေး
အထူးအလေးထား နှိမ်နင်းလျက်ရှိကြောင်း သတင်းရရှိသည်။





No comments:
Post a Comment