နေပြည်တော် အောက်တိုဘာ ၁၀
၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်ဖြစ်ပေါ်လာခဲ့သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင် ကာကွယ်ရန်အတွက် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျော့ချရန်ရည်ရွယ်၍ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင်(work from home) ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာခဲ့ပါသည်။
၂။ အထက်ပါ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင်
(work from home) ဆောင်ရွက်သွားကြရန် သတ်မှတ် ကြေညာချက်အား ယနေ့မှစ၍ မူလအတိုင်း ပုံမှန်ရုံးတက်ဆောင်ရွက်နိုင်ပါရန်
ထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်သမ္မတရုံး
No comments:
Post a Comment