နေပြည်တော် အောက်တိုဘာ ၉
“မြန်မာ့လက်ဖက်ယဉ်ကျေးမှု”ကို ဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်တွင် ယူနက်စကိုသို့ အဆိုပြုလွှာပေးပို့ထားပြီး “ထမနဲယဉ်ကျေးမှုဓလေ့”နှင့် “လွန်းရာကျော် ကြိုးကြီးချိတ်”လုပ်ငန်းတို့ကို လာမည့်နှစ်များတွင် ယူနက်စကိုသို့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဆက်လက်တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၃၅) ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးမှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသည်
တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး မှီတင်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည်နှင့်အမျှ
ဒြပ်ရှိနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စုံလင်စွာတည်ရှိခြင်းသည် လူမျိုးတစ်မျိုး၏
အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်
၂၀၁၄ ခုနှစ် မေ ၇ ရက်တွင် UNESCO ၏ ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ
ပဋိညာဉ်စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက
အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသား
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အတွင်းရေးမှူးနှင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
ပညာရှင်အဖွဲ့ဥက္ကဋ္ဌတို့က အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများ၊ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်
ပညာရှင်အဖွဲ့ ညှိနှိုင်းအစည်းအဝေးရလဒ်များ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက
ဒေသအလိုက်၊ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာများကို
ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး
နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
တက်ရောက်
အစည်းအဝေးသို့
ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊
ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်စပ်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment