Sunday, October 25, 2026

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံ

 

နေပြည်တော် အောက်တိုဘာ ၂၄

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ကောင်စီနယ်မြေ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးလင်းအောင်၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ဂေါပကအဖွဲ့ဝင်များနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သာသနာ့မဟာဗိမာန်တော်ကြီး ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရာတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒခံယူခဲ့ပြီးဖြစ်၍ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ မူလပုံစံမပျက်ဘဲ ငလျင်ဒဏ် ၈ အဆင့် ခံနိုင်ရည်ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ရန်နှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ ပြုပြင်ခြင်းဆိုင်ရာ SOP စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မူလအလှူရှင်ဖြစ်သော ထူးဆောက် လုပ်ရေးဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်ကပင် ပြုပြင်မှုများကို လှူဒါန်းခြင်းဖြစ်သောကြောင့် ကုသိုလ်တရားပွားများရပါကြောင်း ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုကို ထူး‌ဆောက်လုပ်ရေးဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်က ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း အပြီးသတ် ဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment