Wednesday, October 7, 2026

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (၅)နှစ်မြောက်တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပ


 နေပြည်တော် အောက်တိုဘာ ၆

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၅)နှစ်မြောက်တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် တက်လွင်ထွန်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအားအလေးပြုခြင်းနှင့် သစ္စာလေးချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (၅)နှစ်မြောက်တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ (၅)နှစ်မြောက်တပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် Recreation Center ၌ ကျင်းပရာ ၂၀၂၅-၂၀၂၆ တစ်နှစ်တာကာလအတွင်း ကမ်းခြေစောင့်တပ်ဖွဲ့၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၊ အကောင်းဆုံးလိုင်းခန်းဆုရရှိကြသော တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment