နေပြည်တော် အောက်တိုဘာ ၁၅
နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၃၁၈၀ တန်ဖိုး၊ ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးနှင့် ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ
၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် သတင်းအရ နောင်ချိုမြို့နယ် မကျီးရေရွာအနီးတွင် သီပေါမြို့နယ် ဝမ်ပန်ရွာနေ
စိုင်းဆောနန္ဒာ (ခ) အိုက်ပီး (၄၅)နှစ် မောင်းနှင်ပြီး နမ့်ခမ်းမြို့နယ် နမ္မရွာနေ စိုင်းအိုက်စော
(၄၃)နှစ်နှင့် မိုင်းရှူးမြို့နယ် ဝမ်လုံရွာနေ မနန်းဆိုင်ဖောင်း (၄၀)နှစ်တို့ လိုက်ပါလာသော
Toyota Kluger အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၆၁၀၀၀၀ (တစ်ပြားလျှင်
ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၅၀)ကို ဖမ်းဆီးရမိသည်။
အလားတူ အောက်တိုဘာ
၁၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်း အဖွဲ့သည် သတင်းအရ နောင်ချိုမြို့နယ် ပါဟတ်ရပ်ကွက်အနီးတွင် သီပေါမြို့နယ်
နားမွန်းရွာနေ မပီခေါင် (ခ) မဖြူ (၄၆)နှစ် မောင်းနှင်ပြီး သီပေါမြို့နယ် ပန်မိတ်ရွာနေ
မနန်းလှယုံ (၄၂)နှစ် လိုက်ပါလာသော CZI-125 အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ
စိတ်ကြွဆေးပြား ၂၆၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်
သိန်း ၁၃၀) ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ
၁၃ ရက် နံနက် ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝေါမြို့နယ် ညောင်ခါးရှည်ရွာအနီးတွင် ဘားအံမြို့နယ် ဓူဝေလေးရွာနေ
စိုင်းသိန်းဇော် (ခ) အိုင်နောင့် (၂၈)နှစ် မောင်းနှင်လာသော Honda Insight အမျိုးအစားယာဉ်အား
ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၅ ကီလို (တစ်ကီလိုလျှင်
ငွေကျပ်သိန်း ၈၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၂၀၀) ဖမ်းဆီးရမိပြီး ကွင်းဆက်အရ
ယင်းနေ့နံနက် ၁၀ နာရီခွဲတွင် သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး Happy Water များ သယ်ဆောင်ရောင်းဝယ်ရာတွင်
ပူးပေါင်းပါဝင်သူ ဘားအံမြို့ အမှတ် (၈) ရပ်ကွက်နေ စိုင်းဇင်မင်းထွေး (ခ) ရှန်ရှန် (၂၂)
နှစ်အား ဘားအံမြို့ အမှတ် (၉) ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ အောက်တိုဘာ
၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် သတင်းအရ ရွာငံမြို့နယ် မြို့ကြီးရွာအနီးတွင် ပင်းတယ-မန္တလေးပြေးဆွဲသည့်
Toyota Hiace အမျိုးအစား ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၂၀၀၀၀
(တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၀၀) သိမ်းဆည်းရမိသဖြင့်
မဖြူသွယ်ဝင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ
အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment