Thursday, October 1, 2026

AI Model Version 1 ကို အသုံးပြု၍ ဥပဒေမေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများကို စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး ပြောကြား


 

နေပြည်တော် စက်တင်ဘာ ၃၀

AI Model Version 1 ကို အသုံးပြု၍ ဥပဒေမေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများကို စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားသည်။

ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှေ့ဆက်ဆောင်ရွက်မည့် AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများဆိုင်ရာ အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက AI Model Version 1 တွင် ဥပဒေအမေးအဖြေပေါင်း ၁၃၀၀၀၀ ကျော်ကို ထည့်သွင်းလေ့ကျင့်နိုင်ခဲ့ပြီး ထပ်မံထည့်သွင်းလေ့ကျင့်ရန် ဥပဒေ Domain များ ရွေးချယ်ထားကြောင်း၊ AI Model Version 1 ကို မကြာမီကာလတွင် အများပြည်သူသို့ Launching ပြုလုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့အတူ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ဘုန်းကျော်က Myanmar Legal Assistant AI Model Version 1 တွင် ဥပဒေသတင်းအချက်အလက်များ ထည့်သွင်းဆောင်ရွက်မှု၊ တိုးတက်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဥပဒေအသိပညာပြန့်ပွားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment