နေပြည်တော် စက်တင်ဘာ ၂၅
CMP လုပ်ငန်းနှင့် အဓိကသက်ဆိုင်သည့် Skills Labour များ အများဆုံးမွေးထုတ်ပေးနိုင်ရန် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်ပေါင်းစပ်၍ နိုင်ငံတော်အဆင့်တွင်သာမက အာဆီယံအဆင့်တွင်ပါ Skill Standard ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပြီး CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအတွက်သာမက CMP လုပ်ငန်းများနှင့်သက်ဆိုင်သည့် အလုပ်ရှင်၊ အလုပ်သမားကိစ္စများ၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး ကိစ္စများနှင့်ပတ်သက်ပြီး သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (Cutting, Making and Packing-CMP) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လက်ရှိတွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုအရလည်းကောင်း၊
သက်ဆိုင်ရာတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းမှုအရလည်းကောင်း လုပ်ငန်းပိုင်ရှင်များမှ
တင်ပြမှုများအပေါ် စီးပွားရေးလုပ်ငန်းများကို မလိုအပ်ဘဲ ကြန့်ကြာအောင် ဆောင်ရွက်သည့်ကိစ္စရပ်များ၊
လုပ်ထုံးလုပ်နည်းများအရ ကြန့်ကြာမှုများရှိပါက အဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်
ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် မူဝါဒနှင့်အညီ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု
မြန်ဆန်စေရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကုန်ကြမ်းယူ၊
ကုန်ချောပေး လက်ခစားလုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ စက်မှုနှင့်
အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် CMP သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဆပ်ကော်မတီအလိုက်
ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့်
ကော်မတီအဖွဲ့ဝင်များက CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့မှုများအပေါ်
ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment