နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး အလည်အပတ်ခရီးရောက်ရှိနေသော တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (ရေ) 48th PLA Navy Task Group မှ ဖျက်သင်္ဘော Tang Shan ၊ ဖရီဂိတ်စစ်ရေယာဉ် Da Qing နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Tai Hu တို့ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိနေစဉ် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သောအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါစစ်ရေယာဉ်များပေါ်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်
(ရေ) သည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိရာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
(ရေ) မှ အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော Senior Captain Xu Fang နှင့် တာဝန်ရှိသူများက
ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) သည် ဖျက်သင်္ဘော Tang
Shan ပေါ်တွင် ရေယာဉ်တာဝန်ကျတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ယင်းနောက် စစ်ရေယာဉ်မှူးနှင့်
တာဝန်ရှိသူများက ရေယာဉ်ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး
အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ ဖရီဂိတ်စစ်ရေယာဉ် Da Qing နှင့် ထောက်ပံ့ရေး စစ်ရေယာဉ် Tai Hu တို့ပေါ်သို့
တက်ရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက ရေယာဉ်ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment