Thursday, September 10, 2026

News and News Article Writing သင်တန်းမှ သင်တန်းသား သင်တန်းသူများ နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်လေ့လာ

 


နေပြည်တော် စက်တင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ Indian Technical and Economic Cooperation (ITEC) တို့ပူးပေါင်းဖွင့်လှစ်သည့် News and News Article Writing သင်တန်းမှ အုပ်ချုပ်သူ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်း သူ ၃၀ တို့သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လေ့လာကြသည်။

ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားပင်မအဆောက်အအုံ Auditorium ခန်းမ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက MRTV Theme Song ဖြင့် သီဆိုကပြဖျော်ဖြေကြပြီးနိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းစွမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာ” Video Clip ကို ပြသသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောမြင့်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး Studio အား ကြည့်ရှုလေ့လာကာ သင်တန်းသား သင်တန်းသူများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက်အအုံရှိ Radio Recording Studio News Studio 2 နှင့် Audio Mastering Studio တို့တွင် အသံသွင်းမှုတို့ကို ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ သင်တန်းသားသင်တန်းသူများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တွင် ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုလေ့လာခဲ့ကြပြီး ပြတိုက်ဆိုင်ရာမှတ်သားဖွယ်ရာအဖြေလွှာများတွင် ပြည့်စုံစွာဖြေဆိုနိုင်သည့် သင်တန်းသားသင်တန်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ ကြောင်း သိရသည်။ 

သတင်းစဉ်

No comments:

Post a Comment