နေပြည်တော် စက်တင်ဘာ ၆
ဝါစိုက်တောင်သူများအနေဖြင့် သမဝါယမစနစ်ဖြင့် စနစ်တကျစိုက်ပျိုးထွက်ရှိလာသော ဝါထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်သော MSME လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ရောင်းချနိုင်ရေး ဆောင်ရွက်ကြရန်၊ ဝါစိုက်ပျိုးရာတွင် တစ်ကွင်းတစ်ဆက်တည်းရှိသော စိုက်ခင်းများတွင် သမဝါယမစနစ်ဖြင့် စနစ်တကျစုပေါင်းစိုက်ပျိုးဆောင်ရွက်ကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့နယ် ကျောင်းရာကန်ကျေးရွာရှိ ရှင်းလင်းဆောင်၌ တက်သစ်စစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် အသင်းသားတောင်သူများ၏
မိုးဝါစိုက်ပျိုးဖြစ်ထွန်းနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက
ဆောင်ရွက်သည့် ကျေးရွာ ၁၀ ရွာရှိ အိမ်ခြေ ၁၃၂၆ အိမ်၊ လူဦး ရေ ၇၄၀၀ ကျော်နှင့်
စိုက်ပျိုးမြေ ဧက ၃၅၀ ကျော်တို့ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မည့် မိတ္ထီလာ-မန္တလေးကားလမ်းမကြီးမှ
ရိုးကန်၊ ကန်သာလမ်းကျေးရွာ ဆက်သွယ်သောလမ်းကို ကတ္တရာလမ်းအကျယ်တိုးချဲ့ဆောင်ရွက်နေမှု၊
သာစည်မြို့နယ် ကမ္ဘာမြင့်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့်
ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ဖြင့် ဆောင်ရွက်သော
နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် နို့ခဲထုတ်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment