Saturday, September 12, 2026

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို (အမျိုးသား/အမျိုးသမီး) Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 



နေပြည်တော် စက်တင်ဘာ ၁၁

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒို (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (C) ၌ ကျင်းပသည်။



တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲ Mix Team အသင်းလိုက် အတိုက်ပြိုင်ပွဲအမျိုးသား (+၆၃၊ -၆၀၊ -၇၃) ကီလိုတန်းနှင့် အမျိုးသမီး (-၇၃၊ -၆၃၊ +၇၃) ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကိုလည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ရခိုင်ပြည်နယ်အသင်းကိုလည်းကောင်း၊ ကယားပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကိုလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

အမျိုးသား (+၆၃၊ -၆၀၊ -၇၃)၊ အမျိုးသမီး (-၇၃၊ - ၆၃၊ +၇၃) ကီလိုတန်းပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းကလည်းကောင်း၊ ကယားပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ကရင်ပြည်နယ်အသင်းကလည်းကောင်း၊ ဗိုလ်လုပွဲပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ်အသင်းကလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အိချစ်ဆုစံ၊ အကောင်းဆုံးအမျိုးသားအားကစားသမားဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဝေလင်းထွေး၊ အမျိုးသမီးတစ်ဦးချင်း (-၄၂) ကီလိုတန်းအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အိချစ်ဆုစံ (ရန်ကုန်)၊ ဒုတိယဆုရရှိသည့် ကြည်လဲ့လဲ့ထွန်း (ရှမ်း)၊ တတိယဆုရရှိသည့် ယွန်းနဒီစံ (ဧရာဝတီ) နှင့် ပူးတွဲတတိယဆုရရှိသည့် ခေါင်နန်း (ကချင်)၊ အမျိုးသမီးတစ်ဦးချင်း (-၅၂) ကီလိုတန်းအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နှင်းဝတ်မှုံလွင် (ဧရာဝတီ)၊ ဒုတိယဆုရရှိသည့် မေဇင်ဖြိုး (ကချင်)၊ တတိယဆုရရှိသည့် နန်းစန္ဒာဦး (ကရင်) နှင့် ပူးတွဲတတိယဆုရရှိသည့် ခင်သူဇာအောင် (ရှမ်း)၊ အမျိုးသားတစ်ဦးချင်း (-၄၂) ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဝေယံလင်း (ရန်ကုန်)၊ ဒုတိယဆုရရှိသည့် မင်းသန့်ကျော် (ကရင်)၊ တတိယဆုရရှိသည့် ဟိန်းထက်အောင် (နေပြည်တော်) နှင့် ပူးတွဲတတိယဆုရရှိသည့် ဆင်မြူရယ်နော်ဇက်အောင် (ကချင်) တို့ကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက Trophy ၊ တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အမျိုးသားတစ်ဦးချင်း (-၅၀) ကီလိုတန်းအတိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခိုင်ခန့် (ရန်ကုန်)၊ ဒုတိယဆုရရှိသည့် စောလင်းလက်ကြယ်စင် (ကရင်)၊ တတိယဆုရရှိသည့် အောင်ရဲထွေး (မန္တလေး) နှင့် ပူးတွဲတတိယဆုရရှိသည့် ဂျူနီယာခေါင်လွမ်း (ကချင်) တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကိုလည်းကောင်း၊ (အမျိုးသား/အမျိုးသမီး) အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်း၊ ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ စုစုပေါင်းဆုတံဆိပ် ရှစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသည့် ကချင်ပြည်နယ် အမျိုးသမီးအသင်းတို့အား အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားတို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

 ထို့နောက် ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ စုစုပေါင်း ဆုတံဆိပ် ခုနစ်ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် နှစ်ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၁ ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တံခွန်စိုက်ဆုဖလားများကို ပေးအပ်ချီးမြှင့်သည်။

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးကို အထောက်အကူဖြစ်စေရေး၊ မျိုးဆက်သစ်လူငယ်ဂျူဒိုအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးတို့အတွက်ရည်ရွယ်၍ အဆိုပါ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားရုံ (C) ၌ ပြိုင်ပွဲကာလလေးရက်ကြာ ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်း၊ ပြိုင်ပွဲဝင်အင်အား စုစုပေါင်း ၂၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment