Saturday, September 12, 2026

ရွှေသွေးဂျာနယ် ထုတ်ဝေဖြန့်ချိ

 



နေပြည်တော် စက်တင်ဘာ ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်းရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၁၂ - ၉ - ၂၀၂၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၇) တွင် သူငယ်ချင်းကိုစိတ်ရင်းဖြင့် ကူညီတတ်သူပုပုနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းကောင်းများအကြောင်း သရုပ်ဖော်ထားသည့် “ပုပု ပါဝင်သည့် အတွင်းစိတ်” မျက်နှာဖုံးကာတွန်း၊ ခေတ်အဆက်ဆက်တိုးတက်လာသည့် အချိန်တိုင်းတာနည်းများအကြောင်း ဗဟုသုတဖြစ်ဖွယ်ရေးသားထားသည့် သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့ လက်ရာကဏ္ဍ၊ လေးခွပစ်ရာတွင် လက်တည့်ကြောင်း သူငယ်ချင်းများကို ပြချင်သော ပါဂျဲနှင့် သူ၏ သူငယ်ချင်းများအကြောင်း သရုပ်ဖော်ထားသည့် “ရာဇာ၊ ပါဂျဲ၊ ပုကွနှင့် စိမ်းလဲ့ပါဝင်သော လက်တည့်လွန်းလို့” နှစ်မျက်နှာကာတွန်း၊ ကျေးဇူးရှင်ကို ကျေးဇူးကန်းမိရာက နူနာရောဂါဖြင့် ဘဝကိုအဆုံးသတ်သွားရသော မုဆိုးတစ်ယောက်အကြောင်း ရေးသားထားသည့် “ရွှေရောင်အဆင်းရှိတဲ့ မျောက်မင်းနဲ့ အမှောင်ဖုံးတဲ့ စိတ်နှလုံး” ပုံပြင်ကဏ္ဍ၊ အဘွားဖြစ်သူထံမှ ထဘီလေးတောင်းယူသည့် ဟန်သီမအကြောင်း သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာ ဟာသကာတွန်း၊ ငယ်ရွယ်စဉ်ပညာသင်ချိန်ကစ၍ ကြိုးကြိုးစားစားဖြင့် ပညာသင်ကြားပါက တစ်နေ့တွင် အောင်မြင်မှုရရှိမည်မှာ သေချာကြောင်းရေးစပ်ထားသည့် ဆရာမရွှေမြိုင်ပြုံးလဲ့မော်၏ “သာသူ” ကဗျာကဏ္ဍအပါအဝင် အင်္ဂလိပ်စာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်သည်။

ရွှေသွေးဂျာနယ်အတွဲ (၅၈) အမှတ် (၃၇) ကို တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အ‌ရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။

သတင်းစဉ်

No comments:

Post a Comment