Saturday, September 5, 2026

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်



မော်လမြိုင် စက်တင်ဘာ ၅

မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက နိုင်ငံတော်မှ ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိရာ မွန်ပြည်နယ်အနေဖြင့်လည်း ခရီးစဉ်ဒေသများကို ဆက်လက်ဖော်ထုတ်ကြမည်ဖြစ်ကြောင်း၊ ကျေးလက်အခြေပြု ခရီးသွားလုပ်များ စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ခရီးသွားဝန်ဆောင်မှုပိုင်းဆိုင်ရာ အရည်အသွေးကောင်းမွန်စေရေးနှင့် စိတ်အေးချမ်းမြေ့စွာ ခရီးသွားဝန်းကျင်တစ်ခု ဖန်တီးပေးရေး လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တစ်ခုတည်းသီးသန့်ရပ်တည်လို့မရသည့် လုပ်ငန်းဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်နှင့် ခရီးသွားကဏ္ဍအလိုက် ဆောင်ရွက်နေသူများအနေဖြင့် ရင်းနှီးပွင့်လင်းစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြာခဲ့သည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဟိုတယ်လိုင်စင်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Mon Service and Investment – Monsi Group) မှ တာဝန်ရှိသူက ကျေးလက်ခရီးသွားလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)

No comments:

Post a Comment