နေပြည်တော် စက်တင်ဘာ ၁၈
အစည်းအဝေးတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသောအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ရခြင်းဖြစ်၍ နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှု ကော်မတီ၏ မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်လိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးသွင်အောင်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ တင်ပြထားသည့် ရန်ပုံငွေလွှဲပြောင်းအမှုတွဲ တစ်စောင်နှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တင်ပြထားသည့် စီမံကိန်းတန်ဖိုးပြောင်းအမှုတွဲ တစ်စောင်ကို အတည်ပြုဆွေးနွေးခဲ့သည်။
ထို့ပြင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ဆပ်ကော်မတီလေးခု၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်ရန် အချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment