Monday, September 28, 2026

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့တွင် မြန်မာအသင်းက ငွေတံဆိပ်တစ်ခု ထပ်မံရရှိ၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့

 

ရန်ကုန် စက်တင်ဘာ ၂၇

တရုတ်နိုင်ငံ ယွမ်လင်မြို့တွင် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့ နောက်ဆုံးပွဲစဉ် အမျိုးသားအလွတ်တန်း (၁၀) တက်လှော် ကီလိုမီတာ ၁၄၀၀၀ မာရသွန် နဂါးလှေလှော်ပြိုင်ပွဲတွင် ယူကရိန်းနိုင်ငံအသင်းက ပထမ၊ မြန်မာနိုင်ငံအသင်းက ဒုတိယနှင့် အိမ်ရှင် တရုတ်နိုင်ငံအသင်းက တတိယရရှိခဲ့ကြသည်။

အဆိုပါ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအသင်းအနေဖြင့် စက်တင်ဘာ ၂၅ ရက်က ငွေတံဆိပ်တစ်ခု၊ စက်တင်ဘာ ၂၆ ရက်က ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုရရှိခဲ့ပြီး ယနေ့တွင် ငွေတံဆိပ်တစ်ခုထပ်မံရရှိကာ စုစုပေါင်း ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်နှစ်ခု ရရှိခဲ့သည်။

မြန်မာနိုင်ငံအသင်းသည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ယွမ်လင်မြို့မှ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment