နေပြည်တော် စက်တင်ဘာ ၅
ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေစွာ ကုသမှုခံယူနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆေးကောင်စီနာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆေးကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၂/ ၂၀၂၆)၌ ပြောကြားသည်။
ထို့ပြင် ပုဂ္ဂလိက
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိက အခန်းကဏ္ဍကိုလည်း
ပိုမိုထိရောက်အောင် စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်
အရည်အသွေးပြည့်ဝသော ဆရာဝန်များ မွေးထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကလည်း ဆေးပညာသင်ကြားရေးအတွက်
လိုအပ်သော ခေတ်မီသင်ထောက်ကူပစ္စည်းများကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့အတူ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ
ဒေါက်တာမျိုးခင်က မြန်မာနိုင်ငံဆေးကောင်စီ တတိယလေးနှစ်တာကာလအတွင်း ဆောင်ရွက်နေမှုများ၊
ဆေးကုသမှု လိုင်စင်အသစ်ထုတ်ပေးခြင်းများ သက်တမ်းတိုးခြင်း၊ ဆောင်ရွက်ထားရှိခြင်း၊ ဆိုင်းငံ့ခြင်းကိစ္စရပ်များနှင့်
ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။
အလားတူ တက်ရောက်လာကြသူများက
ဝန်ထမ်းရေးရာ ကိစ္စရပ်များဆွေးနွေးခြင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများ
ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၁/၂၀၂၆)၏ အစည်းအဝေးဆုံးဖြတ်ချက်များကို
အတည်ပြုခြင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၏ လေးလအတွင်း ဆောင်ရွက်ခဲ့မှုများကို သက်ဆိုင်ရာကဏ္ဍအလိုက်
ဆွေးနွေးအတည်ပြုခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment