နေပြည်တော် စက်တင်ဘာ ၅
ပြင်ဦးလွင်မြို့နယ် ကျေးရွာငါးရွာရှိ အိမ်ခြေ ၈၂၀၊ လူဦးရေ ၂၈၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မည့် ပြင်ဦးလွင်မြို့ရှောင်လမ်းမှ နောင်လှိုင်ကျေးရွာသို့ ဆက်သွယ်သောလမ်းအား ကတ္တရာလမ်းအဖြစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး
ကုန်ထုတ်လုပ်မှုကို များစွာအထောက်အကူပြုခြင်းကြောင့် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ
အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
အဆိုပါခရီးစဉ်အတွင်း
ပြင်ဦးလွင်မြို့နယ် နောင်ဝယ်ကျေးရွာတွင် ကောင်းမြန်မာနို့စား နွားမွေးမြူရေး သမဝါယမလီမိတက်၏
နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ပြင်ဦးလွင်မြို့နယ် ပိုးချည်စက်ရုံနှင့်
ပိုးစာသုတေသနနှင့် နည်းပညာဗဟိုဌာနခြံ၌ ပိုးချည်၊ ပိုးစာရွက်၊ ပိုးစာသီး အခြေခံ Value
Added ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှု၊ ကြီးကိုင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)မှ အတိုးရငွေ၊
ကျေးရွာပြည်သူထည့်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း
လုပ်ငန်းဆောင်ရွက်နေမှု၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ
ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချခဲ့သော
သံဂဟေဆက်သင်တန်းမှ သင်တန်းဆင်းပြီး လုပ်ငန်းပစ္စည်းများ ပံ့ပိုးပေးထားသည့် သင်တန်းသားများအနက်မှ
ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဆောင်ရွက်နေသော “အောင်အောင်” သံပန်း၊ သံတံခါး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို
ကြည့်ရှုအားပေးသည်။
ထို့အတူ သမဝါယမဦးစီးဌာန
သမဝါယမစာရင်းရေးစာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး) ခန်းမ၌ ဝန်ထမ်းများ၊
ကျောင်းသား ကျောင်းသူများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများ၊ ကျောင်းသား
ကျောင်းသူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment