လောင်းလုံး စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံခြင်းနှင့် တောင်ပြိုခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကြီး၊ ရေလျှံမှုနှင့်တောင်ပြိုခြင်းများကြောင့် လောင်းလုံးမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်မှ ရေဘေးသင့်ပြည်သူပေါင်း (၈၄၃၁) ဦးကို အမှတ် (၄၀၆) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များက ပန်တောဝဘုန်းတော်ကြီးကျောင်းသို့ ကူညီကယ်ဆယ်ပေးခဲ့ကြောင်းနှင့် အချို့သော ကျေးရွာနေပြည်သူများသည် မိမိတို့နေအိမ်များမှ မိမိတို့အစီအစဉ်ဖြင့် ရေဘေးလွတ်သည့် နေအိမ်များသို့ စုပေါင်းပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)



No comments:
Post a Comment