နေပြည်တော် စက်တင်ဘာ ၂၈
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း (ဆိုလာစနစ်) အမှတ်စဉ်(၂/၂၀၂၆)ကို ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေးသင်တန်းခန်းမ၌ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် ဘာသာရပ် ၁၁ မျိုးကို စာတွေ့လက်တွေ့သင်ကြား ပေးမည်ဖြစ်သည်။
သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၉၀ ပါဝင်တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် အတွေ့အကြုံရှိသည့် လျှပ်စစ်စစ်ဆေးရေးဌာနမှ စစ်ဆေးရေးမှူးများ၊ စစ်ဆေးရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ သင်တန်းဆရာများက သင်ကြားပို့ချပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျတို့က နေပြည်တော်ရှိ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဆိုလာစနစ်ကို တပ်ဆင်သွယ်တန်းသည့်အချိန်တွင်
စနစ်ကျမှန်ကန်ပြီး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မှသာ
အသုံးပြုသူများ အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ အလားတူ သုံးစွဲနေသည့်ကာလတစ်လျှောက်တွင်
ဆိုလာစနစ်နှင့် ဆက်စပ်ပစ္စည်းများကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရမည်
ဖြစ်ကြောင်း၊ ထို့ကြောင့် စနစ်တကျအန္တရာယ်ကင်းစွာ သွယ်တန်းတပ်ဆင်နိုင်သည့် ကျွမ်းကျင်သူများ
ပေါ်ထွက်လာရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ သွယ်တန်းတပ်ဆင်ခြင်း ကျွမ်းကျင်မှုဆိုင်ရာ
သင်တန်းကို ဖွင့်လှစ်ပြီး ကျွမ်းကျင်သူများကို မွေးထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်
-2.jpg)
No comments:
Post a Comment