နေပြည်တော် စက်တင်ဘာ ၁၈
တရုတ်-အာဆီယံဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနန်နင်းမြို့၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ပါဝင်တက်ရောက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှုနှင့် လုံခြုံမှုရှိသော ဉာဏ်ရည်တုနည်းပညာ ဖြစ်ပေါ်လာရေး၊ မြန်မာနိုင်ငံတွင်လည်း ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ တရုတ်-အာဆီယံနိုင်ငံများအကြား ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ဉာဏ်ရည်တု နည်းပညာဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များ၊ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ မျိုးဆက်သစ်လူငယ်များ လေ့ကျင့်ပြုစုပျိုးထောင်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဒုတိယအကြီးအကဲက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် နန်နင်းမြို့ရှိ China-ASEAN Information Harbor Co., Ltd. (CAIH)ကို သွားရောက်လေ့လာခဲ့ပြီး ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်နိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးကဏ္ဍများကို အထောက်အကူပြုနိုင်မည့် ဉာဏ်ရည်တုနည်းပညာ အခြေပြု Application များရေးဆွဲနိုင်ရေး၊ ဉာဏ်ရည်တု နည်းပညာဆိုင်ရာ နည်းပညာရှင်များ ပြုစုပျိုးထောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
%20pho.jpg)
No comments:
Post a Comment