နေပြည်တော် စက်တင်ဘာ ၁
ပင်လောင်းမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၇၂ ဘီလီယံတန်ဖိုးနှင့် ကမာရွတ်မြို့နယ်၌ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိပြစ်မှုကျူးလွန်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပင်လောင်းမြို့နယ်
လိန်းလီရွာအနီး၌ ပုသိမ်ကြီးမြို့နယ် ကျောက်မီးရွာနေ ဇော်ဇော်အောင် (၅၅) နှစ် မောင်းနှင်ပြီး
မဟာအောင်မြေမြို့နယ် ဇော်မင်းရပ်ကွက်နေ ပိုင်သူကျော် (ခ) ပိုင်သူ (၃၁) နှစ်
လိုက်ပါလာသော NISSAN DUMP
အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား
၃၄ ဒသမ ၄ သိန်း (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁
ဒသမ ၇၂ ဘီလီယံ) ဖမ်းဆီးရမိသဖြင့် ဇော်ဇော်အောင်နှင့် ပိုင်သူကျော် (ခ) ပိုင်သူတို့ကို
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
ထို့ပြင် ဩဂုတ် ၂၉ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကမာရွတ်မြို့နယ် (၅) ရပ်ကွက်
စံပါယ်မာဃလမ်းအတိုင်း လမ်းလျှောက်လာသူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၅၅) ရပ်ကွက်နေ
အောင်မျိုးမင်း (ခ) ကိုမျိုး (၃၈) နှစ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား
၅၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၀၀၀)
ဖမ်းဆီးရမိသဖြင့် အောင်မျိုးမင်း (ခ) ကိုမျိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment