နေပြည်တော် စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၌ ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် မိုးသည်းထည်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ အမှတ်သည် ၂၅ ပေ ၇ လက်မသို့ ရောက်ရှိပြီး တနင်္သာရီမြို့၏ စိုးရိမ်ရေမှတ် ၁၇ ပေ အထက် ၈ ပေ ၇ လက်မ ကျော်လွန်ရောက်ရှိကာ အန္တရာယ်ရေအမှတ် ၂၄ ပေအထက် ၁ ပေ ၇ လက်မသို့ ရောက်ရှိခဲ့ခြင်းကြောင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရန် ယာယီကယ်ဆယ်ရေးစခန်းခြောက်ခု ဖွင့်လှစ်ထားရှိ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါယာယီကယ်ဆယ်ရေးစခန်းများတွင်
ယာယီနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများအတွက် နိုင်ငံတော်အစိုးရ၏
လမ်းညွှန်မှုနှင့်အတူ အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရေး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ
နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊
လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ
ပူးပေါင်း၍ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို
ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို
တနင်္သာရီတပ်နယ် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်
%20photos-2.jpg)
No comments:
Post a Comment