Tuesday, September 1, 2026

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၂၇) သင်တန်းဖွင့်


 

ရန်ကုန် ဩဂုတ် ၃၁

အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၂၇) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဌာနမှူးများ၊ ပညာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၇) သို့ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများမှ သင်တန်းသား ၉၆ ဦး၊ သင်တန်းသူ ၁၀၉ ဦးစုစုပေါင်း ၂၀၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၃၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment