နေပြည်တော် ဩဂုတ် ၃၁
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-ထိုင်း
နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့်
ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေးတို့နှင့်စပ်လျဉ်း၍
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊
အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ
တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment