နေပြည်တော် ဩဂုတ် ၉
ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျောင်းပြင်ပ ရောက်ကလေးများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာ ရေးအတန်းနေရာ ချထားမှုစစ်ဆေးခြင်း (Placement Test) စာမေးပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ ကျောင်းပြင်ပရောက် မူလတန်းကျောင်းသား ၆၉၃ ဦးနှင့် အလယ်တန်းကျောင်းသား ၁၆၆၂ ဦးတို့ လာရောက်ဖြေဆိုကြသည်။
အဆိုပါ Placement Test စာမေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ သတ်မှတ်ထားသော စာဖြေဌာနများ၌ ကျင်းပသည်။
ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးတို့က လှည့်လည်ကြည့်ရှုအားပေး၍ စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းသား ကျောင်းသူများအတွက် အချိုရည်နှင့်စားသောက်ဖွယ်ရာများပေးဝေကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment