နေပြည်တော် ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ဝန်ထမ်းများအတွက် နန်းဦးမြို့သစ် ဝန်ထမ်းအိမ်ရာ စီမံကိန်းအသစ်တည်ဆောက်လျက်ရှိသည်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးရာ စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်၌ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက မန္တလေးငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများပျက်စီးမှုနှင့် အရာထမ်း၊ အမှုထမ်းများအတွက် အိမ်ရာအသစ် အဆောက်အအုံခုနစ်လုံး စုစုပေါင်း ၁၁၂ ခန်းကို မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း(MDA)က တည်ဆောက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ငလျင်ဒဏ်ကြောင့် Modular Houses များတွင် နေထိုင်နေရသည့်ဝန်ထမ်းများ တိုက်ခန်းများပေါ်သို့ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရန် လုပ်ငန်းများလျင်မြန်စွာပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားပြီး ဝန်ထမ်းအိမ်ရာ များကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် နေပြည်တော် - မန္တလေး လမ်းပိုင်းစကားအင်းတိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်း မိုင် (၄/၀-၅/၀) ပေါ်တွင် အသစ်တည်ဆောက် လျက်ရှိသော ပေ ၈၀ တံတားအမှတ် (၃/၅) တည်ဆောက်ရေးလုပ်ငန်း ခွင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတားအသစ် ပြန်လည်တည်ဆောက်နေသည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး Steel Box Girder အမျိုးအစားနှင့် ကြိုတင်အားဖြည့် ကွန်ကရစ်ရက်မ တံတားအမျိုးအစားအဖြစ် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း၊ တံတားပြီးစီးသည်နှင့် ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်း လွယ်ကူချောမွေ့စွာသွားလာနိုင် မည်ဖြစ်၍ လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment