Friday, August 7, 2026

ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံးချုပ် ဂျီနီဗာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

 


နေပြည်တော် ဩဂုတ် ၆

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးချုပ် ဂျီနီဗာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် International Organization for Migration (IOM) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများ၏ အချက်အလက်များနှင့်ပတ်သက်၍ ခိုင်မာသည့် Database System တည်ဆောက်ရာတွင် နည်းပညာပံ့ပိုးကူညီပေးနိုင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား (Mutual Recognition of Skills-MRS) လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေးနိုင်ရေးကိစ္စရပ်များနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်စေလိုသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment