နေပြည်တော် ဩဂုတ် ၁၆
Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲပွဲစဉ်များနှင့် ဗိုလ်လုပွဲပွဲစဉ်များအား ပြည်ပနိုင်ငံများဖြစ်သည့် စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင် ကျင်းပသွားမည်ဖြစ်သည်။
အကြိုဗိုလ်လုပွဲ
ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဩဂုတ် ၁၈ ရက်နေ့ ည ၇ နာရီခွဲတွင် ထိုင်းအသင်းနှင့်
စင်ကာပူအသင်းတို့သည် ထိုင်းအားကစားကွင်း၌လည်းကောင်း၊ ဩဂုတ် ၁၉ ရက် ည ၇ နာရီခွဲတွင်
ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်းတို့သည် ဗီယက်နမ်အားကစားကွင်း၌ လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဗိုလ်လုပွဲ ပွဲစဉ်များအား ဩဂုတ် ၂၂ ရက်နှင့် ဩဂုတ် ၂၆ ရက် ည ၇ နာရီခွဲတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါဘောလုံးပြိုင်ပွဲ
ပွဲစဉ်များကို MRTV Sports Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်
(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment