နေပြည်တော် ဩဂုတ် ၁၇
အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ် (၁၇) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက အရာရှိလောင်းများသည် မိမိလက်အောက်ရှိ
အမှုထမ်းများကို ဦးဆောင်ပြီး မိမိအထက်အဆင့်ကိုလည်း တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့်
အထောက်အကူပြုနိုင်သည့် အရည်အသွေးနှင့် စွမ်းဆောင်ရည်ပြည့်ဝသူများဖြစ်စေရေး
ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပညာရပ်ဆိုင်ရာ ဗဟုသုတများသာမက နိုင်ငံ့ဝန်ထမ်းတိုင်း
သိသင့်သိထိုက်သည့် နယ်ပယ်အသီးသီးကို နှံ့နှံ့စပ်စပ်နားလည်သိရှိပြီး အစဉ်တိုးတက်အောင်
လေ့လာဆည်းပူးကြရန်မှာကြားလိုကြောင်း၊ ယခုသင်တန်းမှ ဘွဲ့လွန်ဒီပလိုမာနှင့် သင်တန်းဆင်းလက်မှတ်နှစ်ခုလုံး
ပေးအပ်ချီးမြှင့်မည်ဖြစ်သည့်အတွက် သင်ကြားပို့ချမှုများကို ကိုယ်စွမ်း၊
ဉာဏ်စွမ်းရှိသရွေ့ အထူးကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့
သင်တန်းသား ၆၇ ဦး၊ သင်တန်းသူ ၈၀ စုစုပေါင်း ၁၄၇ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ
ရက်သတ္တ ၁၆ ပတ် ကြာမြင့်မည်ဖြစ်သည်။
ထို့နောက်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းသည် တာဝန်ရှိသူများနှင့်အတူ
နဝရတ်ခန်းမ၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၈) ၏ သင်ခန်းစာပို့ချနေမှု၊
နီလာခန်းမ၌ အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၅) ၏ သင်ခန်းစာပို့ချနေမှုကို
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment