ဒေသတစ်ခု၏ စီးပွားရေးနှင့် လူမှုဘဝပြန်လည်ဦးမော့လာစေရန်အတွက် ခိုင်မာသည့်ငွေကြေးနှင့် ဘဏ်လုပ်ငန်းစနစ်သည် မရှိမဖြစ်လိုအပ်သည့် အဓိကမောင်းနှင်အားဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကဖြစ်ပေါ်ခဲ့သည့် ဒေသတွင်းပဋိပက္ခအခြေအနေများကြောင့် ဖလမ်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲအား ဝန်ဆောင်မှုများယာယီပိတ်သိမ်းခဲ့ရသော်လည်း ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်ရေး ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဘဏ်လုပ်ငန်းစဉ်များကို အောင်မြင်စွာပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
ထို့အတူ ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့်
ဒေသတွင်းပဋိပက္ခအခြေအနေများ ကြောင့် တွန်းဇံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအား ဝန်ဆောင်မှုများ
ယာယီပိတ်သိမ်းခဲ့ရသော်လည်း ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးပြန်လည် ကောင်းမွန်လာသည်နှင့်အမျှ
၂၀၂၆ ခုနှစ် သြဂုတ် လ ၃ ရက်နေ့တွင် ဘဏ်လုပ်ငန်းစဉ်များကို ဆက်လက်အောင်မြင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ
ဖြစ်ပါသည်။
၁။ ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်ရန် လိုအပ်ချက်များ
ဘဏ်ခွဲတစ်ခု ပြန်လည်စတင်လည်ပတ်ရာတွင် အစိုးရနှင့်
ဘဏ်လုပ်ငန်းတွင် တာဝန်ရှိသူများအနေ ဖြင့် အောက်ပါ အဓိကလိုအပ်ချက်များကို အဆင့်လိုက်ပြင်ဆင်ဆောင်ရွက်ရပါသည်
-
လုံခြုံရေးနှင့် တည်ငြိမ်ရေးအာမခံချက်ရှိခြင်း။
ဘဏ်ဝန်ထမ်းများ၊
ရုံးအဆောက်အအုံနှင့် ဘဏ် လာရောက်အသုံးပြုသူ ပြည်သူများ၏ အသက်အန္တရာယ်နှင့် ငွေကြေးလုံခြုံရေးအတွက်
လုံခြုံရေး ဆိုင်ရာအစီအမံများကို ဦးစွာစနစ်တကျပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
အခြေခံအဆောက်အအုံနှင့် နည်းပညာပြန်လည်ဆန်းသစ်ခြင်း။ ဘဏ်အဆောက်အအုံနှင့်
ငွေတိုက် ပျက်စီးမှုများကိုပြုပြင်ခြင်း၊ ကွန်ပျူတာစနစ်များ၊ ဆက်သွယ်ရေးကွန်ရက်များ
(Data& Communi-cation Networks) နှင့် ဘဏ်ခွဲ၏ စာရင်းပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို
ပုံမှန်လည်ပတ်နိုင်ရန် ပြန်လည်ထူထောင်ခြင်းနှင့် တပ်ဆင်ခြင်း၊
စာရင်းဇယားနှင့် ငွေကြေးလက်ကျန်မှန်ကန်ကြောင်း
စိစစ်ခြင်း၊ ဘဏ္ဍာငွေဖြည့်တင်းခြင်း။ ပိတ်သိမ်းထားသည့်ကာလအတွင်းမှ
ဘဏ်ခွဲရှိ စာရင်းဇယားများ၊ ပြည်သူများ၏ အပ်နှံငွေနှင့် ချေးငွေစာရင်းများကို စာရင်းစစ်ဆေးမှုများ
စနစ်တကျပြုလုပ်ပြီး ဘဏ်ငွေကြေးလက်ကျန်ကို မှန်ကန်စွာပြုစု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့်
ဘဏ္ဍာငွေများကို စနစ်တကျပြန်လည် ဖြည့်တင်းပြီး ဘဏ်လုပ်ငန်းများ စတင်ခြင်း၊
ဝန်ထမ်းအင်အား ပြန်လည်ဖြည့်ဆည်းခြင်း။
ဒေသတွင်း
ပြည်သူလူထုထံ ထိရောက်သည့် ဘဏ် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် အဆင့်မီသော ဘဏ်ဝန်ထမ်းအင်အားကို
စနစ်တကျပြန်လည် နေရာချထားခြင်းနှင့် လိုအပ်သော ဘဏ်ဝန်ထမ်းများကို ခန့်အပ်ခြင်း။
၂။ ဖလမ်းနှင့် တွန်းဇံဒေသများ ဖွံ့ဖြိုးရေးတွင် မြန်မာ့စီးပွားရေးဘဏ်၏
အဓိက အခန်းကဏ္ဍ
မြန်မာ့စီးပွားရေးဘဏ်သည် ဖလမ်းဒေသနှင့်
တွန်းဇံဒေသများ၏ စီးပွားရေးလည်ပတ်မှုနှင့် မြို့ပြ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်
အောက်ပါအဓိကကဏ္ဍများမှ အရေးပါစွာ ပါဝင်ဆောင်ရွက် လျက်ရှိပါသည် -
အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ
ထိရောက်စွာဆောင်ရွက်ပေးခြင်း။ ဒေသတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၏
လစာနှင့်ဖွံ့ဖြိုးရေးအသုံးစရိတ်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို အချိန်မှန်
ထုတ်ပေးနိုင်သည့်အပြင်၊ ဒေသတွင်း ပြန်လည်တည်ဆောက်ရေး အသုံးစရိတ်များကို စနစ်တကျစီမံခန့်ခွဲပေးသည့်
အဓိကဘဏ္ဍာရေးမဏ္ဍိုင်အဖြစ် ဆောင်ရွက်ပေးခြင်း၊
ငွေကြေးလည်ပတ်မှုနှင့် စီးပွားရေး
ဦးမော့လာစေခြင်း။ ဒေသခံကုန်သည်များ၊ တောင်သူလယ်သမား များ၊ အလုပ်သမားများ၊
စီးပွားရေးလုပ်ငန်းရှင်များနှင့် အသေးစား၊ အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများအတွက်
ငွေလွှဲ၊ ငွေထုတ်၊ အပ်နှံငွေနှင့် ချေးငွေဝန်ဆောင်မှုများကို စိတ်ချယုံကြည်ရသော နိုင်ငံတော်ပိုင်
ဘဏ်စနစ်တစ်ခုအောက်မှ စိတ်ချမ်းသာစွာ ဆောင်ရွက်နိုင်ရန် ကူညီပေးခြင်း၊
ဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို
ထောက်ပံ့ခြင်း။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြေခံအဆောက်အအုံ
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ကူးသန်း ရောင်းဝယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လုပ်ငန်းဆိုင်ရာ
ကူညီပံ့ပိုးမှုများကို ထိရောက်စွာ ဆောင်ရွက်ပေးခြင်း၊
ပြည်သူများ၏ ငွေကြေးလုံခြုံမှုကို
အာမခံနိုင်ခြင်း။ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲများကို
တစ်ဘဏ်ပြီးတစ်ဘဏ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းအားဖြင့် ဒေသခံပြည်သူများသည် မိမိတို့၏
ချွေးနှဲစာဖြင့် ရှာဖွေသိမ်းဆည်းထားရှိသည့် ငွေကြေးများကို လုံခြုံစိတ်ချစွာ စုဆောင်းနိုင်စွမ်း
ပြန်လည်ရရှိလာခြင်းနှင့် ပြည်သူများက ငွေကြေးများကို လွယ်ကူစွာ လွှဲပြောင်းနိုင်မှုတို့သည်
တန်ဖိုးတစ်ခုထက်ပိုမိုသော အဆိုပါဒေသ၏ ဂုဏ်ဒြပ်တစ်ခုပင် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ဖလမ်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့်
တွန်းဇံမြို့နယ် မြန်မာ့စီးပွား ရေးဘဏ်ခွဲများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းက ဒေသတွင်းလုံခြုံရေးနှင့်
တည်ငြိမ်ရေးကို ပြသ ရာရောက်သည့်အပြင် ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှ ဒေသခံပြည်သူတို့၏
စီးပွားရေးနှင့် လူမှု ဘဝ ပြန်လည်စတင်နိုင်ရေးအတွက်
ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာသတင်းတစ်ရပ်လည်း ဖြစ်ပါသည်။
အစိုးရ၏ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးမဏ္ဍိုင်
ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည် ဖလမ်းဒေသ နှင့် တွန်းဇံဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လိုအပ်သည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှု များကို နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်မှ
သစ္စာရှိစွာဖြင့်၊ တာဝန်သိစွာဖြင့် အကောင်းဆုံး
ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးတင်ပြလိုက်ရပါသည်။
။
No comments:
Post a Comment