Tuesday, August 11, 2026

အမျိုးသမီးရေးရာဝန်ကြီးဌာန ဝန်ထမ်းများအား မီဒီယာစွမ်းရည်မြှင့်တင်ရေးသင်တန်းပေး



နေပြည်တော် သြဂုတ် ၁၀

အမျိုးသမီးရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဝန်ဆောင်မှုများကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်၊ သတင်းမီဒီယာအသုံးပြု၍ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး သတင်းမီဒီယာ ရိုက်ကူး၊ ရေးသားခြင်းသင်တန်းကို အမျိုးသမီးရေးရာဝန်ကြီးဌာန၌ ဖွင့်လှစ်ရာ သင်တန်းသား သင်တန်း သူ ၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြိုးစားသင်ယူ

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်က မိမိတို့ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုများကို အများပြည်သူထံ ဖြန့်ဝေပြသရာတွင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အလေးထား ဆောင်ရွက်နေမှုများကို ပေါ်လွင်ထင်ရှားစေရန်နှင့် ဌာန၏ လှုပ်ရှားမှုသတင်းများ ရေးသားရိုက်ကူးရာတွင် မီဒီယာစံနှုန်းများနှင့်အညီ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရန် ကြိုးစားသင်ယူကြစေလိုကြောင်း ပြော ကြားသည်။

သင်တန်းကို ဩဂုတ် ၁၀ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်ဆောင် ရွက်သွားမည်ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနမှ မီဒီယာအတွေ့အကြုံရှိသူများက သတင်းအတတ်ပညာနှင့် ရိုက်ကူး၊ ထုတ်လွှင့်ခြင်း နည်းပညာများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment