Saturday, August 29, 2026

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဓာတ်အားလိုင်းများထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းအား ဓာတ်အားပိတ်၍ ဆောင်ရွက်မည်

နေပြည်တော် သြဂုတ် ၂၈

ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၁) ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းကို ဩဂုတ် ၂၉ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဓာတ်အားပိတ်၍လည်းကောင်း၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ၃၃ ကေဗွီ Project M/O ဓာတ်အားလိုင်းကို ဩဂုတ် ၂၉ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဓာတ်အားပိတ်၍လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ရာ ဓာတ်အားပိတ်နယ်မြေအတွင်းရှိ ရုံးဌာနများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်သည်။

အလားတူ ၂၃၀ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံရှိ အပူချိန်မြင့်တက်မှုဖြစ်ပေါ်နေသော ဓာတ်အားလွှတ်ကြားခံပစ္စည်းများကို အစားထိုးလဲလှယ်ရန် သြဂုတ် ၃၀ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ အချိန်ငါးနာရီကြာခန့် ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့/မြို့နယ်များ၊ ရပ်ကွက်များနှင့်ကျေးရွာများ ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကို သက်ဆိုင်ရာမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နှင့်ပတ်ဝန်းကျင်ဒေသများသို့ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၂၃၀ ကေဗွီ မြင်းခြံ Switching Station ဓာတ်အားခွဲရုံအား ဓာတ်အားပို့လွှတ်နိုင်ရေးအတွက် ၂၃၀ ကေဗွီ သပြေဝ-မြင်းခြံ (သံမဏိ) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရန် ၂၃၀ ကေဗွီ သပြေဝ-မြင်းခြံ (သံမဏိ) ဓာတ်အားလိုင်းကို သြဂုတ် ၂၉ ရက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ‌ဆောင်ရွက်သွားမည်ဖြစ်ရာ ယာယီဓာတ်အားပြတ်တောက်နိုင်မည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်မည့် ဧရိယာများရှိ စက်ရုံ၊ အလုပ်ရုံများကို ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်သည်။

အလားတူ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့ဧရိယာများသို့ ဓာတ်အားတည်ငြိမ်စွာ ပို့လွှတ်နိုင်ရန်အတွက် ၆၆ ကေဗွီ ဝိုင်းမော်-မြစ်ကြီးနား အမှတ် (၁) ဓာတ်အားလိုင်း၏ ဗလမင်းထင်တံတားပေါ်ရှိ တိုင်အမှတ် (၃၄ နှင့် ၃၅) ကြားတွင် ကေဘယ်လ်ကြိုးအသစ် အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသဖြင့် အဆိုပါ ကေဘယ်လ်ကြိုးအား ဝန်အားချိတ်ဆက်ပို့လွှတ်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ရာ ဩဂုတ် ၂၉ ရက် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအထိသုံးနာရီအကြာ မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များ ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်းနှင့် စက်ရုံ၊ အလုပ်ရုံများသို့ ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်


No comments:

Post a Comment