နေပြည်တော် ဩဂုတ် ၂၁
မြေယာအသုံးချမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပြီး မည်သူမဆို စံပြုလုပ်ထုံးလုပ်နည်း (SOP) များအတိုင်း တိတိကျကျဆောင်ရွက်ရန်၊ သီးနှံစုံဖြစ်ထွန်းအောင်မြင်သည့် ရှမ်းပြည်နယ်အနေဖြင့် ဆီထွက်နေကြာ၊ ပဲပုပ်အပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုနှစ်ဆတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်သွားရန် ယမန်နေ့နံနက်ပိုင်းတွင် လွိုင်လင်ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးက လွိုင်လင်ခရိုင်၏ အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိမှု၊ ဆီထွက်သီးနှံအထူးဇုန်များ၏
စိုက်ပျိုးထုတ်လုပ်မှု၊ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း တိုးချဲ့စိုက်ပျိုးရန် လျာထားမှုနှင့်
မိုးရာသီ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ မျိုးစေ့ထုတ်ဧကများအတွက်
မျိုးစေ့နှင့် မြေဩဇာထောက်ပံ့ပေးအပ်မှုနှင့် ကော်ဖီ၊ လက်ဖက်၊ မက္ကာဒေးမီးယား တိုးချဲ့စိုက်ပျိုးမှုအခြေအနေများကို
တင်ပြပြီး ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊
ဒေသအလိုက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည်
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟဲဟိုး) ကျောင်း အဆင့်မြှင့်တင်မွမ်းမံရေးလုပ်ငန်းဆောင်ရွက်မည့်
မြေနေရာကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment