နေပြည်တော် ဩဂုတ် ၂၇
စိမ်းလန်း၊ သန့်ရှင်း၊ ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်နှင့် ကျန်းမာရေးစနစ်ကောင်းမွန်သော ကျေးရွာများ၊ ခေတ်မီစနစ်ကျသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာများ ဖော်ဆောင်သည့်အခါ ကော်မတီဝင်ဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည့် ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးတွင် မှာကြားသည်။
အဆိုပါအစည်းအဝေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ပိုမိုထိရောက်အောင်မြင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များကို အတူတကွဆွေးနွေးညှိနှိုင်း အတည်ပြုနိုင်ရေးရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေးတွင် တက်ရောက်လာကြသူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
ကြီးကြပ်မှုကော်မတီအစည်းအဝေး (၁/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊
ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်၊ လအလိုက်ဆောင်ရွက်ပြီးစီးမှု၊
လမ်း၊ တံတား၊ ရေပေးရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ စားရေရိက္ခာဖူလုံရေးဆိုင်ရာ
စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများ၊ သွင်းအားစုနှင့် အရင်းမပျောက်ရန်ပုံငွေ
ထူထောင်ပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ လူမှုရေးကဏ္ဍဆိုင်ရာပညာရေး၊
ကျန်းမာရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ
အကောင်အထည်ဖော်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment