နေပြည်တော် ဩဂုတ် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ဩဂုတ်၁၄ ရက်နှင့် ၁၅ ရက် တို့တွင် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့နှင့် ဟိုက်ဒရာဘတ်မြို့တို့ရှိ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အခြေခံ အဆောက်အအုံများဖြင့် ရုပ်ရှင်နှင့် မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မှုနှင့် ရှေးဟောင်း ရုပ်ရှင်ဖလင်များ၊ ဇာတ်ကားများကို ဒီဂျစ်တယ်စနစ်ဖြင့် ပြုပြင်ထိန်းသိမ်းနေမှုကို ကြည့်ရှု၍ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေး
ပြည်ထောင်စု ဝန်ကြီးသည်
ဩဂုတ် ၁၄ ရက်တွင် ချန်နိုင်းမြို့ရှိ Prasad Labs သို့ သွားရောက်ပြီး ရုပ်ရှင်ပညာရပ်ဆိုင်ရာ
သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု၊ ရုပ်ရှင်ဖလင်နှင့် ရုပ်ရှင်ဇာတ်ကားများကို ဒီဂျစ်တယ်နည်းပညာအသုံးပြု၍
ပြုပြင်နေမှု၊ အဆင့်မြှင့်တင်ဆောင် ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကာ မြန်မာနိုင်ငံရှိ
ရှေးဟောင်းရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်ရှင်မော်ကွန်းတိုက်ရှိဖလင်များ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက်
နည်းပညာများပေး ရန်ကိစ္စများနှင့် ရုပ်ရှင်နှင့် မီဒီယာသင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်
သင်ကြားပေးရန်ကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည်။
အလားတူ ဩဂုတ်
၁၅ ရက်တွင် ဟိုက်ဒရာဘတ်မြို့ရှိ Prasad Labs ၏ Film Post Production၊ Prasad
IMAX-Theatre and Mall တို့သို့ သွားရောက်၍ ရုပ်ရှင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
များနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် စွန့်ပစ်ပစ္စည်းများမှ
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာ အသိပညာများအား မီဒီယာနည်းလမ်းများမှ
တစ်ဆင့် ပညာပေးဆိုင်ရာကိစ္စများကို လှည့်လည်ကြည့်ရှုဆွေးနွေးဆောင်ရွက်ခဲ့သည်။
ညနေပိုင်းတွင်
Startup အဆောက်အအုံများထဲမှ နည်းပညာနှင့် စီးပွားရေးစင်တာဖြစ် သည့် T-Hub
(Technology Hub) သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သတင်းအချက်အလက်
နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment