နေပြည်တော် ဩဂုတ် ၃၀
ယနေ့ ညနေ ၃နာရီခွဲ တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ
အနောက်ဘင်္ဂလား ပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်
ပိုမိုအားကောင်းလာပြီး အားကောင်းသော လေဖိအား နည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက် - အနောက်မြောက်ဘက်သို့
ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း - အနောက်ဘင်္ဂလား ပြည်နယ်တို့သို့
ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။ မိုး/ဇလ

No comments:
Post a Comment