နေပြည်တော် ဩဂုတ် ၁၂
ဆေးဝါးစက်ရုံ (အင်းစိန်) ရှိ စက်ပစ္စည်းများကို စွမ်းအားပြည့်သုံးစွဲနိုင်ရေးနှင့် သက်တမ်းပြည့်သုံးစွဲ နိုင်ရေးအတွက် ကြိုတင်စစ်ဆေးထိန်းသိမ်းမှုလုပ်ငန်းအစီအမံများ ရေးဆွဲဆောင်ရွက်ရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ယနေ့ညနေပိုင်းက အဆိုပါစက်ရုံအစည်းအဝေးခန်းမ၌ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ ဌာနတာဝန်ခံများ၊ အရာထမ်းများနှင့် တွေ့ဆုံစဉ်မှာကြားသည်။
မှာကြား
ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်
ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်း၊ စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားရှိရန်၊
ကုန်ကြမ်း၊ ကုန်ချောများကို စနစ်တကျ ထားသိုနိုင်ရေးအတွက် စတိုစီမံခန့်ခွဲမှုစနစ်များကို
ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊
ဌာနကြီးများ၏ အမှာစာရရှိမှုနှင့် ဖြန့်ဖြူးပေးနေမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊
ဆေးဝါးစက်ရုံ (အင်းစိန်) တွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်

No comments:
Post a Comment