နေပြည်တော် ဩဂုတ် ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ဘန့်ဘွေးဘိနယ်စခန်းရှိ လိပ်ကယ်ဆယ်ရေးစခန်း(ဘန့်ဘွေး)တွင် တရားမဝင်ကုန်သွယ်မှုပြုလုပ်ရာမှ ဖမ်းဆီးရမိသည့် လိပ်မျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး လက်ရှိတွင် လိပ်ကောင်ရေ ၆၃၂ ကောင်ကို ထိန်းသိမ်းထားရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ လိပ်ကယ်ဆယ်ရေးစခန်း(ဘန့်ဘွေး)၌ လိပ်များအား မျိုးစိတ်အလိုက် ထိန်းသိမ်းစောင့်ရှောက် မွေးမြူထားမှုကို သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ယမန်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် မေမြို့ထင်းကြိုးဝိုင်းတွင် မြို့အထူးစိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်တွင် သစ်တောစိုက်ခင်း ဧက ၂၇၀ တည်ထောင်ထားရှိမှုနှင့် သစ်ပင်စိုက်ပျိုးထားသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၌ ဝန်ကြီးဌာနအောက်မှ ဝန်ထမ်းများကို သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး မြန်မာနိုင်ငံသစ်တောကျောင်းဝင်းအတွင်း စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်နှင့် စုဝေးခန်းမတည်ဆောက်မည့်နေရာနှင့် မြန်မာနိုင်ငံ မြေတိုင်းသင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment