နေပြည်တော် ဩဂုတ် ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သီလရှင်စာသင်တိုက်များနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် အသုံး အဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့
သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများ၊ သီလရှင်စာသင်တိုက်များနှင့်
သီလရှင်ကျောင်းများမှ သီလရှင်များ ကြွရောက်ကြပြီး ဒုတိယသမ္မတ (၁) ၏ ဇနီး ဒေါ်စမ်းစမ်းအေး၊
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့၏ ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏
ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏
ဇနီး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်
ဒုတိယဥက္ကဋ္ဌတို့၏ ဇနီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားကို
“နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သာသနာ့နွယ်ဝင်
သီလရှင်ဆရာကြီးများနှင့် ဧည့်ပရိသတ်များက သရဏဂုံသုံးပါးပါဠိနှင့် မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို
သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပွားများ ပူဇော်ကြသည်။
ထို့နောက်
သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများက အလှူရှင်များအား မေတ္တာပို့လင်္ကာများရွတ်ဆို၍
ဆုတောင်းမေတ္တာပို့သကြသည်။
ဆက်လက်၍
နိုင်ငံတော်သမ္မတ၏ ဇနီးသည် ပုဗ္ဗသီရိမြို့နယ်ရှိ ပြင်ကြီးသာသနာ့ဝေပုလ္လသီလရှင်စာသင်တိုက်မှ
ဒေါ်နန္ဒမာနီနှင့် ချမ်းမြေ့ဂုဏ်ဝေသီလရှင်ကျောင်း၊ အမရာဝတီပညာရေးစင်တာမှ ဒေါက်တာ
ဒေါ်ဆေကဝတီတို့ထံ ဆွမ်းဆန်တော်နှင့် အသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက်
ဒုတိယသမ္မတ (၁) ၏ ဇနီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့၏
ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ဇနီးများနှင့် တက်ရောက်လာကြသူများသည်
သာသနာ့နွယ်ဝင်သီလရှင်ကြီးများ၊ သီလရှင်စာသင်တိုက်များနှင့် သီလရှင်ကျောင်းများမှ
သီလရှင်များထံ ဆွမ်းဆန်တော်နှင့် အသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတ၏ ဇနီးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် အလှူဒါနမြတ်ဘာဂကို
၃၁ ဘုံသားတို့အား မေတ္တာပြု၍ ကုသိုလ်ပြုအမျှပေးဝေကြသည်။
ဆက်လက်၍
အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို
ရုပ်သိမ်းလိုက်သည်။
ယနေ့ ကျင်းပပြုလုပ်သည့်
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သီလရှင်စာသင်တိုက်များနှင့် သီလရှင်ကျောင်း
၆၄ ကျောင်းတို့မှ သီလရှင် ၁၄၇၄ ပါးတို့အတွက် ဆွမ်းဆန်တော်နှင့် အသုံးအဆောင်ပစ္စည်းများ
ဆက်ကပ်လှူဒါန်းငွေ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၅၆၂၇၃၄၀၀ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

%20%E1%81%8F%E1%80%87%E1%80%94%E1%80%AE%E1%80%B8.jpg)




No comments:
Post a Comment