ရန်ကုန် ဩဂုတ် ၁၂
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၌ ရပ်ထားသည့် မော်တော်ယာဉ်အတွင်းမှ ငွေကျပ်သိန်း ၆၀၀ ခိုးယူသူအား ဩဂုတ် ၉ ရက် ညပိုင်းတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
လှိုင်မြို့နယ် အမှတ် (၁၀) ရပ်ကွက်နေ ဒေါ်--- (၅၂)နှစ်သည် ဩဂုတ် ၅ ရက် မွန်းလွဲ ၁၂
နာရီ ၁၅ မိနစ်ခန့်တွင် ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ MAB Bank အနီး လမ်းဘေး၌
၎င်းပိုင် YGN-8 2F---- NISSAN MARCH မော်တော်ယာဉ်အား
သော့ပိတ်ရပ်တန့်၍ MAB Bank အတွင်းသို့ ငွေအပ်နှံရန်အတွက်
ခြောက်မိနစ်ခန့်သွားရောက် စုံစမ်းခဲ့ကြောင်း၊ ထို့နောက် ပြန်ရောက်လာပြီး
မော်တော်ယာဉ်တံခါးဖွင့်၍ စစ်ဆေးစဉ်ယာဉ်၏ နောက်ခန်း၌ ထားရှိသော ငွေကျပ်သိန်း ၆၀၀ မှာ
ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား ဖော်ထုတ်အရေးယူပေးပါရန် ကမာရွတ်မြို့မရဲစခန်းသို့
သွားရောက်တိုင်တန်းခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏
စုံစမ်းဖော်ထုတ်ချက်အရ ခိုးမှုကျူးလွန်သူ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်
အုန်းကုန်းကျေးရွာနေ ဇော်လတ် (ခ) အောင်ဇော်လတ် (၃၈) နှစ်အား ဩဂုတ် ၉ ရက်
ညပိုင်းတွင် ၎င်း၏ နေအိမ်၌ ခိုးမှုကျူးလွန်ရာမှရရှိခဲ့သည့် ငွေကျပ်သိန်း ၁၄၀
နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဇော်လတ်
(ခ) အောင်ဇော်လတ်၏ ထွက်ဆိုချက်အရ ဩဂုတ် ၅ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ်
(၁) ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ MAB Bank အနီး လမ်းဘေး၌ ရပ်တန့်ထားသည့် YGN-8
2F---- NISSAN MARCH အဖြူရောင်ယာဉ်ပေါ်မှ ပိုင်ရှင်အမျိုးသမီးဆင်းလာကာ
ယာဉ်အားလော့ချစဉ် ၎င်းမှ မော်တော်ယာဉ်၏ ဝဲဘက်အနောက်တံခါးလက်ကိုင်ကွင်းအား
လော့ချမရအောင် မတင်ထားခဲ့ကြောင်း၊ ထို့နောက် ယာဉ်ပိုင်ရှင် MAB Bank သို့ သွားရောက်နေစဉ် ငွေကျပ်သိန်း ၆၀၀ အား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း
သိရှိရသည်။
ထို့နောက်
သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်ရာ ဩဂုတ် ၁၁ ရက်
မွန်းလွဲပိုင်းတွင် ခိုးယူရရှိငွေဖြင့် ဝယ်ယူထားသည့် ရွှေလက်စွပ်နှစ်ကွင်းနှင့် ငွေကျပ်သိန်း
၁၀၀ အား ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိနေအိမ်မှလည်းကောင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်
အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်မှ ငွေကျပ်သိန်း ၁၀၀ အားလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်းနှင့်
ဇော်လတ်(ခ) အောင်ဇော်လတ်အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment