Tuesday, August 25, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

 

နေပြည်တော် ဩဂုတ် ၂၄

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့အခမ်းအနားမှရရှိလာသည့် အသိအမြင် ဗဟုသုတများကို မှတ်သားလိုက်နာ၍ မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိ အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှုဖြစ်ပေါ် နိင်သည့် အခြေအနေများကို သတိပြုရှောင်ရှားကြရန်၊ မသမာမှုများ၊ မသင့်လျော်သော အကျိုးခံစားခွင့်များနှင့် အဂတိလိုက်စားမှုဆိုင်ရာ အပြုအမူများကိုတွေ့ရှိပါက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများထံ တင်ပြကြရန်နှင့် အဂတိတရားကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်မည့် ဝန်ထမ်းကောင်းများဖြစ်ကြစေရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ညွှန်ကြားရေးမှူး ဦးဆန်းတင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဆိုင်ရာများကို ဆွေးနွေးဟောပြောပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးကြသည်။

ဆွေးနွေးပွဲအပြီးတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit– CPU)များနှင့်တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားသာချက်နှင့် အားနည်းချက်များကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment