တာချီလိတ် ဩဂုတ် ၁၀
ခရီးသွားလုပ်ငန်းသည် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနေသည့် မီးခိုးမထွက်သောစက်ရုံ (Smokeless Industry) တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တာချီလိတ်မြို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက
ခရီးသွားလုပ်ငန်းကို အနှစ်သာရပြည့်ဝသည့် ယဉ်ကျေးမှု အခြေခံခရီးသွားလုပ်ငန်း (Cultural
Tourism) အဖြစ် တန်ဖိုးမြှင့်တင်ပေးပြီး မိမိတို့၏ အဖိုးတန်ယဉ်ကျေးမှု အမွေအနှစ်များကို
ကမ္ဘာကသိအောင် ဖော်ထုတ်ပြသရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် ထင်ရှားသည့်ဆရာတော်ကြီးများ၏
သာသနာရေးဆိုင်ရာ အခမ်းအနားများ၊ သာသနိကအဆောက်အအုံများနှင့် တိုင်းရင်းသားပေါင်းစုံ
ချစ်ကြည်ရင်းနှီးစွာ မှီတင်းနေထိုင်ကြသည့် ဒေသဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးများ၏
ထူးခြားလှပသော ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရန်
ပွဲတော်အခြေပြု ခရီးသွားလုပ်ငန်း (Festival Tourism)ကို မြှင့်တင်ရန်၊ တိုင်းရင်းသားများ၏
ဒေသထွက် ရိုးရာအစားအသောက်များကို ပြည်တွင်း၌သာမက နိုင်ငံတကာက သိရှိကြိုက်နှစ်သက်စေရန်
အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Gastronomy Tourism) ကို ဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်ရန်၊ ထိုင်းနိုင်ငံ၌ကျင်းပသော ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ (Alms
Offering Ceremonies) ကဲ့သို့ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတော်များကို
ပေါင်းစပ်ဖော်ထုတ်ဆောင်ရွက်ရန်၊ ခြေလျင် တောင်တက်ခြင်း၊ တောတွင်းလမ်းလျှောက်ခြင်းစသည့်
စွန့်စားခရီးသွားလုပ်ငန်း (Adventure Tourism) နှင့် သဘာဝအခြေပြုခရီးသွားလုပ်ငန်း
(Ecotourism) တို့ကို မြှင့်တင်ဆောင်ရွက်ရန်၊ ဒေသခံတို့၏ လူမှုစီးပွားဘဝကို တိုက်ရိုက်အကျိုးပြုသည့်
ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community-Based Tourism) ကို တိုးချဲ့မြှင့်တင်ဖော်ဆောင်ကြရန်
လိုအပ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။
အလားတူ တက်ရောက်လာသည့်
အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များက ကြုံတွေ့နေ ရသည့်အခက်အခဲများကို
တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့ပြင် ဝမ်ပုံဆိပ်ကမ်းကို
ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း
(Cross-border Tourism) ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် မဲခေါင်မြစ် ကြောင်းတစ်လျှောက်
ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အပန်းဖြေလည်ပတ်နိုင်မည့် အပျော်စီးမြစ်ကြောင်း
လေ့လာရေးခရီးစဉ်များ ဖော်ထုတ်ဆောင်ရွက်ရေးမှာကြားပြီး ရွှေတြိဂံဟိုတယ်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment