နေပြည်တော် ဩဂုတ် ၁၂
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပပြီး ဝန်ကြီးဌာနပေါင်းစုံဖူဆယ် (အမျိုးသား) ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက လေးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
၂၀၂၆
ခုနှစ် ဩဂုတ် ၁၃ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး ဩဂုတ် ၁၄ ရက် မွန်းလွဲ ၁
နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်
(အမျိုးသား) ပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့
ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို
“အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် အဆိုပါဝန်ကြီးဌာနပေါင်းစုံဖူဆယ်
(အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
ရုပ်သံလိုင်းများဖြစ်သည့် MRTV-4
HD ၊ MRTV Sports Channel နှင့် MRTV
Entertainment တို့တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment