နေပြည်တော် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ချောင်းဖျားကျေးရွာရှိ ညောင်တုန်း ကျွန်းတာ ၁၁/ ၅နှင့် ၁၁/ ၇ အတွင်း ရေဝဲတိုးမှုကြောင့် ကမ်းပြိုကမ်းစား၍ အလျားပေ ၃၀၀၊ အနံပေ ၆၀ ခန့် တာအိပဲ့ကျမှုအား တာတမံကြံ့ခိုင်ရေးအတွက် အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည်
အနီးကပ်ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ
မြစ်ကမ်းပြိုကျရာနေရာတွင် စက်ယန္တရား ခုနစ်စင်း၊ သဲစုပ်စက်လှေနှစ်စင်းတို့ဖြင့် ကမ်းရင်းတာအား
တောင့်တင်းခိုင်မာမှုရှိစေရေး တုတ်တန်းရိုက် သဲအိတ်ချခြင်းလုပ်ငန်း၊ မိုးတွင်းကာလအရေးပေါ်အခြေအနေကြုံတွေ့လာပါက
ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပန်းတာတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဩဂုတ်
၂၄ ရက်က လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျရေစီးဝင်သည့် နေရာမှ ရေစီးဆင်းရာ လမ်းကြောင်းတစ်လျှောက်
ချောင်း/ မြောင်းများ၏ ရေစီးဆင်းနေမှု၊ ကျုံပျော်မြို့ရှိ ခဲဘောင်တံတား ဒါးကမြစ်ရေစီးဆင်းနေမှု၊
ကျောင်းကုန်းမြို့ ကျောင်းကုန်းတံတား ဒါးကမြစ်ရေစီးဆင်းနေမှု၊ ရေခလုတ်တံတား၊ မင်းမနိုင်ချောင်းရေစီးဆင်းမှု၊
ဒါးကမြို့ ဒါးကတံတားရေစီးဆင်းမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ အုပ်ချုပ်ရေးအဖွဲ့များ၊
ဒေသနေပြည်သူများနှင့်တွေ့ဆုံပြီး ကောင်းမွန်စွာ ရေစီးဆင်းနိုင်ရန် အဟန့်အတားဖြစ်နေသော
ပိတ်ဆို့နေသည့် သဲသောင်များနှင့် ဒိုက်ဗေဒါများကို ဖယ်ရှားရှင်းလင်းနိုင်ရေး၊ ရေမှတ်တိုင်များစိုက်ထူ၍
ရေစီးဆင်းမှုရေအမှတ်အတက်အကျများကို အချိန်အလိုက် စောင့်ကြည့်နိုင်ရေး၊ ချောင်း/ မြောင်းများ
ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေတိုရေရှည်အစီအမံများ ရေးဆွဲဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
ထို့ပြင် ကန်ကြီးထောင့်မြို့
ကန်ကြီးထောင့်တာ ကြံ့ခိုင်မှု၊ ရေတံခါးများ ထိန်းသိမ်းထားရှိမှုနှင့် ရေကြည်မြို့နယ်
အသုတ်မြို့ရှိ အသုတ်တံတား၊ အသုတ်ချောင်းရေစီးဆင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment