နေပြည်တော် ဩဂုတ် ၂၆
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ပထမနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ခေတ်ဟောင်းတေး
အဆိုပြိုင်ပွဲ(အမျိုးသား)ကို ပြိုင်ပွဲ ဝင် ၂၂ ဦးက လူချွန်လူကောင်း ခေတ်ဟောင်း တေးသီချင်းဖြင့်လည်းကောင်း၊
ခေတ်ဟောင်းတေး အဆိုပြိုင်ပွဲ(အမျိုးသမီး)ကို ပြိုင်ပွဲဝင် ၁၆ ဦးက ဓမ္မစကြာခေတ်ဟောင်းတေးသီချင်းဖြင့်လည်းကောင်း
သီဆိုယှဉ်ပြိုင်ကြသည်။
ညပိုင်းတွင် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများက
အငြိမ့်နှင့် ပြဇာတ်များကို ပါဝင်ကပြယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ
တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်
ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး
ပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment